သတင်းတို

ဘန်ကောက် Emporium ကုန်တိုက်၌ မီးလောင်မှုဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ဘန်ကောက် Emporium ကုန်တိုက်၌ မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည် Emporium ကုန်တိုက်ကြီးရဲ့ မြေအောက်ထပ်မှာ မီးလောင်မှုတခု  ယနေနံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ကုန်တိုက်ရဲ့ မြေအောက်ထပ် စာရွက်စာတမ်းများ သိမ်းဆည်းရာ အခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးလောင်မှုကြောင့်ထွက်လာတဲ့ မီးခိုးတွေကို ဆူခွန်ဗစ်လမ်းမကြီးပေါ်က မြင်နေရတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက် Twitterမှာ တွေ့မြင်နေရပါတယ်။ ဒါပေမယ့် မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်လိုက်ပြီး၊ ဒဏ်ရာရသူလည်း မရှိဘူးလို့ ဘန်ကောက် ရဲအဖွဲ့က ပြောပါတယ်။

Loading