မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပယင်းထဲမှ လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၀၀ခန့်(ဒိုင်နိုဆောခေတ်)က ငှက်၏ တောင်ပံများကို ပထမဆုံးအကြိမ် သိပ္ပံပညာရှင်များက တွေ့ရှိ ခဲ့ကြောင်း National Geographic Magazineက ရေးသားလိုက်ပါတယ်။ ပယင်းကျောက်ထဲမှာ ဖြစ်တည်နေတဲ့ ငှက်တောင်ပံမှာ အရိုး၊ တစ်ရှူးနဲ့ အမွေးအတောင်တွေ ပါဝင်ပြီး ၂စင်တီမီတာနဲ့ ၃စင်တီမီတာအကြားရှည်လျားကာ အရောင်နှင့် ချွန်ထက်တဲ့ ခြေသဲလက်သဲများကိုပါ တွေ့ရကြောင်း ဖော်ပြထားပါတယ်၊ သိပ္ပံပညာရှင် များရဲ့ သုတေသနပြုချက်အရ ကုတ်ခြစ်ရာများပင် တွေ့ခဲ့ရပြီး၊ ဒါဟာ သစ်စေးတွေမှာ နစ်နေရာက လွတ်မြောက်ဖို့ ရုန်းကန်တဲ့ လက္ခဏာဖြစ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။
ဒီ ပယင်းတွေကို မြန်မာပြည်မြောက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ ဟူးကောင်းတောင်ကြားမှာ တူးဖော်နေဖြစ်ပြီး၊ တရုတ် ဘူမိသိပ္ပံပညာရှင် Lida Xing နဲ့ သူ့ရဲ့ သုတေ သနအဖွဲ့ဟာ ဒီ ပယင်းတွေကို မြစ်ကြီးနားမှာ ရှိတဲ့ ပယင်းဈေးကွက် ကနေရယူခဲ့တာဖြစ်တယ်လို့ National Geographic Magazineက ဆိုပါတယ်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း တရုတ်သိပ္ပံပညာရှင်တွေဟာ အပူပိုင်းဒေသက ကင်းလိပ်ချော သို့မဟုတ် ပုတ်သင်ညိုအမျိုးအနွယ်များ ပါဝင်တဲ့ နှစ်သန်း ၁၀၀ခန့်က မြန်မာပယင်းကို ဖော်ထုတ် ခဲ့ပါသေးတယ်။