သတင်းတို

ဒါကာအကြမ်းဖက်မှု သေဆုံးသူ ၂၀ဦး အထိ မြင့်တက်လာ

This article has been converted from Zawgyi One to Unicode

ဒါကာအကြမ်းဖက်မှု သေဆုံးသူ ၂၀ဦး အထိ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် သံတမန်ရပ်ကွက် ရှိ အကြမ်းဖက်သမားများ စီးနင်းထားသော စားသောက်ဆိုင်ကို ကွန်မန်ဒိုများက ဝင်ရောက်တိုက်ခိုက်ရာ သေဆုံးနေတဲ့ အလောင်းပေါင်း ၂၀ ကို တွေ့ရတယ်လို့ စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။ ဓားစာခံများမှာ နိုင်ငံခြားသားများဖြစ်ပြီး အများစုမှာ ဂျပန်နဲ့ အီတလီ နိုင်ငံသားတွေ ဖြစ် တယ်လို့ သိရပါတယ်။

“ကျနော်တို့ အလောင်းပေါင်း ၂၀ကို တွေ့ထားတယ်၊ အများစုဟာ ဓားနဲ့ ရက်ရက်စက်စက် ခုတ်ခံထား ရတာဖြစ်တယ်” လို့ ဗိုလ်မှူးချုပ် နာယန်း ချောင်ဒရီက ဆိုပါတယ်။

မနေ့ည ၉နာရီကျော်မှာ သံတမန်ရပ်ကွက် စားသောက်ဆိုင်ကို အကြမ်းဖက်သမားတွေကို စီးနင်းရာ ရဲတပ်ဖွဲ့နဲ့ တိုက်ပွဲများ ဖြစ်တဲ့အတွက် ရဲ ၂ဦး သေဆုံးခဲ့ပါတယ်၊ ဒီကနေ့မနက် ၇နာရီ ၄၀မိနစ်မှာတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကွန်မန်ဒိုတွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ဓားစာခံ ၁၃ဦး လွတ်မြောက်လာပြီး အကြမ်းသမား ၆ဦးသေဆုံးကာ တဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

Loading