သတင်းတို
ဘင်္ဂလားဒေ့ရှ်မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းက Kishoreganj ခရိုင်မှာ အိဒ်ပွဲတော်ပြုလုပ်နေစဉ် ယနေ့နံနက် ၁၁နာရီ ၅၀မိနစ်က ပေါက်ကွဲမှုတရပ်ဖြစ်ပွားတဲ့ အတွက် ရဲအရာရှိ ၁ဦးသေဆုံးကာ လူ ၁၂ဦး ဒဏ်ရာရရှိသွားပါတယ်။ ဒါဟာ မြို့တော် ဒါကာ က သံတမန်ရပ်ကွက် စားသောက်ဆိုင်ကို အကြမ်းဖက်သမားတွေက စီးနင်းပြီး ဓားစာခံ ၂၀ကို သတ်ဖြတ်ပြီးတဲ့နောက် တပတ်အကြာထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေကဆိုပါတယ်။
မနေ့က အမေရိကန် သံတမန်လုံခြုံရေး ဗျူရိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွား နိုင်တယ်လို့ သတိပေးပြောဆိုခဲ့စဉ်မှာပဲ ယခုလို ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပါတယ်။
ယခုတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။