ထိုင်ဝမ်နိုင်ငံကို ထူးကဲ့သည့် အပူပိုင်း တိုင်ဖုန်းမုန်တိုင်း Nepartak ဝင်ရောက်မှုကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်း လေကြောင်း ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းလိုက်ပြီး ကျောင်းများကိုလည်း ပိတ်လိုက် ကြောင်း ထိုင်ဝမ် သတင်းတွေကဆိုပါတယ်။ အရှေ့ဘက်ကမ်းခြေတလျှောက်က ကူးတို့သင်္ဘောတွေ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပြီး၊ ရထားတွေကိုတော့ ရပ်ထားပါတယ်၊ အမြန်ရထားတွေ ပုံမှန်ပြေးဆွဲတယ်ဆိုပေမယ့် မနက်ဖြန်မှာကတော့ ပိတ်ထားရလိမ့်မယ်လို့ သိရပါတယ်။
ငါးဖမ်းသင်္ဘောာတွေကိုလည်း ကမ်းသို့ ပြန်ခေါ်ခဲ့ပြီး ထိုင်ဝမ် မိုးလေဝသ ဗျူရိုရဲ့ ပြောဆိုချက်အရ အဆိုပါ တနာရီကို ၁၅၂ မိုင်နှုန်း တိုက်ခတ်တဲ့ အဆိုပါ မုန်တိုင်းကြောင့် တောင်တန်းအပိုင်းမှာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း စစ်သည် ၃သောင်း ၅ထောင်ကျော်ကို ကယ်ဆယ်ရေးနဲ့ ပြောင်းရွေ့ရေးတွေ ပြုလုပ် ဖို့ အသင့်ပြင်ထားကြောင်း၊ ဟွာလီယန်နဲ့ တောင်ပိုင်းက တိုင်နန်၊ Kaohsiung မြို့တွေမှာ လူပေါင်း ၂၀၀ခန့် အိုးအိမ်တွေကနေ စွန့်ခွာခိုင်းခဲ့ရပြီး၊ Taitung ဒေသမှာလည်း စတင်ရွေ့ပြောင်းမှုတွေ ပြုလုပ်နေပါပြီလို့ ထိုင်ဝမ်ရုပ်မြင်သံကြားက ဆိုပါတယ်။