သတင်းတို

ဗုံးကွဲမှုနှင့် ပတ်သက်၍ ပါကစ္စတန်လူမျိုး ၁၂ ဦးကို ဆော်ဒီအာဏာပိုင် ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဗုံးကွဲမှုနှင့် ပတ်သက်၍ ပါကစ္စတန်လူမျိုး  ၁၂ ဦးကို ဆော်ဒီအာဏာပိုင် ဖမ်းဆီးဆော်ဒီအာရေဗီးယား နိုင်ငံ မဒီနာမြို့ရှိ တမန်တော် မိုဟာမက်၏ ဂူဗိမ္မာန်ရှိရာ ဗလီကြီးအနီး ဗုံးကွဲမှု အပါအဝင် ကာတစ်နဲ့ ဂျက်ဒါမြို့က ဗုံးကွဲမှုတွေနဲ့ ပတ်သက်ပြီး ပါကစ္စတန်လူမျိုး ၁၂ဦးကို ဖမ်းဆီးထားကြောင်း ဆော်ဒီအာဏာပိုင်တို့၏ ပြောဆို မှုကို ကိုးကားပြီး BBC သတင်းကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ရက်နေ့က ရာမာဒန် ဥပုဒ်လ အပြီးမှာ ဆော်ဒီအာရေဗီးယားက မဒီနာ၊  ကာတစ်၊ ဂျက်ဒါ စတဲ့ မြို့ ၃မြို့မှာ တချိန်တည်းဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လုံခြုံရေးအရာရှိ ၂ဦး၊ ဘုရားဖူး ၄ဦး၊ အကြမ်းဖက်သမား ၂ဦး စုစုပေါင်း ၈ဦးသေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အလယ်အလတ်ဝါဒီ မွတ်ဆလင်တွေအကြားမှာ တုန်လှုပ်မှုတွေ ဖြစ်ခဲ့ရပါတယ်။

တမန်တော် မိုဟာမက်၏ ဂူဗိမ္မာန်ရှိရာ ဗလီကြီးအနီး အသေခံဗုံးဖောက်ခွဲသူမှာ အသက် ၂၆နှစ်အရွယ် ရှိ ဆော်ဒီနိုင်ငံသား Naer Muslim Hamad ဆိုသူဖြစ်ပြီး၊ ကာတစ်မြို၌ ဗုံးဖောက်ခွဲသူများမှာ ၂၃နှစ်အရွယ်ရှိ

အဗ ္ဗဒူရာမန် အယ် အိုမာ၊ အီဗရာဟင် အယ် အိုမာ အသက် ၂၀၊ အဗ ္ဗဒူကာရင် အယ် ဟူစိန် အသက် ၂၀ တို့ဖြစ်တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဘယ်အုပ်စုတွေက လုပ်တယ်ဆိုတာ မကြေညာခဲ့ပေမယ့် အများက အစ္စလာမ်မစ် နိုင်ငံ တော်အဖွဲ့ (IS)တွေ လက်ချက်လို့ ယူဆထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အတွင်းကလည်း IS အဖွဲ့ဝင် တဦးက မက္ကာမြို့က မြင့်မြတ်တဲ့ နေရာတွေကို ဗုံးဖောက်ခွဲမယ်လို့ Twitter အကောင့်မှာ ရေးသားဖူးပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading