သတင်းတို

အီရတ်မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြန်၊ ၃၅ဦး သေဆုံး

This article has been converted from Zawgyi One to Unicode

အီရတ်မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြန်၊ ၃၅ဦး သေဆုံး
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မြောက်ပိုင်း ၅၈မိုင်အကွာ ဘလဒ်မြို့က ဆေယက်မိုဟာမက် ရှီယိုက် ဗလီကို ပစ်မှတ်ထားကာ မနေ့ညနေက မော်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အသေခံဗုံးခွဲသမား ၂ဦက ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၅ သေဆုံးပြီး ၅၀ ဒဏ်ရာရရှိသွားပါတယ်၊ တတိယမြောက် အသေခံဗုံးခွဲ သမားကိုမူ ဖောက်ခွဲမှု မပြုလုပ်နိုင်မီ အီရတ်လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း အီရတ်စစ်ဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ဘဂ္ဂဒက်မြို့က ရှီယိုက်အများစုနေထိုင် ရာနေရာမှာ IS အဖွဲ့ ဗုံးခွဲတိုက် ခိုက်မှု ပြုလုပ်ခဲ့ရာ လူပေါင်း ၂၉၀ သေဆုံးသွားပါတယ်။

Loading