သတင်းတို

အမေရိကန် ဒါးလက်မြို့၌ ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၅ဦးသေဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန် ဒါးလက်မြို့၌ ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၅ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် Baton Rouge နဲ့ မင်နီဆိုတားက Suburban စိန့်ပေါမှာပြီးခဲ့တဲ့ တပတ်က လူမည်းများ ပစ်သတ်ခံရတဲ့အတွက် ဒါးလက်မြို့ခံတွေ ဆန္ဒပြဖို့ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က သွားရောက်ရာ လက်ဖြောင့်သေနတ်သမား၄ဦးရဲ့ ပစ်ခတ်တိုက် ခိုက်တဲ့အတွက် ရဲ အရာရှိ ၅ ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ မနေ့ည ၈နာရီ ၄၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ချုံခိုတိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ရဲအရာရှိ ၁၁ဦး ပစ်ခတ်ခံရတယ်လို့ ဒါးလက် ရဲတပ်ဖွဲ့ အကြီး အကဲ ဒေးဗစ်ဘရောင်းက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၃ဦးကို ထိန်းသိမ်းထားပြီး၊ ကျန်တဦးကတော့ El Centro ကောလိပ်ထဲက ကားတွေထားတဲ့နေရာမှာ ပုန်းအောင်းနေပြီး၊ ရဲတပ်ဖွဲ့ လက်နက်ချဖို့ ညှိနှိုင်းမှုကို လက်မခံခဲ့ပါဘူး၊ သူ့အနေနဲ့ ရဲအရာရှိတွေကို ပိုမိုထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ပုံရတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။
ပုန်းအောင်နေသူကတော့ နေရာတိုင်းမှာ ဗုံးထောင်ထားတယ်လို့ ဆိုကြောင်း သတင်းတွေက ရေးသားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading