အိုစမာဘင်လာဒင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်ကို လက်စားချေသွားမယ်လို့ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်က ပြောဆိုလိုက်တဲ့ ဗီဒီယိုဖိုင်တခု အယ်လ်ကိုင်းဒါး အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ပြောဆိုချက်ထဲမှာတော့ သူ့အဖေ အိုစမာဘင်လာဒင်နဲ့ အစ္စလာမ်အာဇာနည်အားလုံးအတွက် အမေရိကန်ကို လက်စားချေသွားမယ်၊ ဒါအပြင် ကမ္ဘာတလွှားက မွတ်ဆလင်တွေ ဖိနှိပ်ခံရမှုအတွက် အမေရိကန်ကို ပစ်မှတ် ထား တိုက်ခိုက်သွားမယ်လို့ ပါရှိပါတယ်။
အကြမ်းဖက်အဖွဲ့အစည်း အယ်လ်ကိုင်းဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ဟာ 911 လို့ လူသိများတဲ့ အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့က ကမ္ဘာကုန်သွယ်ရေး အဆောက်အအုံကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ တိုက်ခိုက်ပြီးတဲ့နောက် အမေရိကန်ရဲ့ လက်စားချေမှုကို ၁၀နှစ်နီးပါး အကြာ ရှောင်တိမ်းရင်း ၂၀၁၁ ခုနှစ် မေလ ၂ရက်နေ့မှာတော့ ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေရာ အမေရိကန် အထူးတပ်ဖွဲ့(Navy SEAL) အဖွဲ့ရဲ့ ဝင်ရောက်သတ်ဖြတ်ခြင်းကို ခံရပြီး၊ အလောင်းကို ပင်လယ်ထဲ မျှောခြင်းခံခဲ့ရပါတယ်။