ကမ္ဘောဒီးယားအစိုးရကို ဝေဖန်လေ့ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၄၆နှစ်အရွယ် ကမ်လီဟာ ဖနွမ်းပင်မြို့က ကော်ဖီဆိုင်တဆိုင်မှာ ထိုင်နေစဉ် တနင်္ဂနွေနေ့ နေ့လည်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဖနွမ်းပင် သတင်းကဆိုပါတယ်။
ကမ်လီဟာ ဟွန်ဆန်အစိုးရကို ဝေဖန်လေ့ရှိသူလို့ လူသိများသလို ဆင်းရဲသား ဒီမိုကရေပါတီ (GRDP)ကို တည်ထောင်သူ တဦးလည်းဖြစ်ပါတယ်။
ကမ္ဘောဒီးယား ရဲက ပစ်ခတ်မှုနဲ့ ပတ်သက်လို့ လူတဦးကို ဖမ်းဆီးလိုက်ပြီး ငွေကြေးကိစ္စ အငြင်းပွား ရာက ဖြစ်ပျက်ခဲ့ တယ်လို့ ဆိုပေမယ့် လူထုအကြားမှာတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရအပေါ်မှာ ပိုမိုပြီး ဒေါသ ထွက်နေတယ်လို့ ဆိုပါတယ်။
ကမ်လီရဲ့ အလောင်းကို ထားရှိမယ့် ဘုန်ကြီးကျောင်းကို သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာက လိုက်ပါပို့ဆောင်ပေးကြပါတယ်။
ဒီအဖြစ်အပျက်ဟာ လာမယ့်နှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အစိုးရနဲ့ အတိုက်အခံများကြားမှာ တင်းမာမှုမြင့်မားလာတာကို ပြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ကမ်လီအသတ်ခံရမှုရဲ့ နောက်ကွယ်က ကွင်းဆက်ကို သူ့အနေနဲ့ စုံစမ်း စစ်ဆေးဖို့ ပြောဆိုလိုက်ပါတယ်။
ကမ်လေဟာ အစိုးရရဲ့ လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး၊ သူပစ်သတ်ခံရချိန်ဟာ ဝန်ကြီးချုပ် ဟွန်ဆန် နဲ့ သူ့မိသားစုပိုင်ဆိုင်မှု ငွေကြေးပမာဏ ထွက်ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။