လမ်းဖြတ်ကူးစဉ် ဆင်တကောင် ဓာတ်လိုက်သေဆုံး
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံ နခွန်နာရွတ်ခရိုင်မှာ Permpoon အမည်ရှိတဲ့ ၇နှစ်သား အရွယ် ဆင်တကောင်ဟာ မနေ့ည က ဆင်ထိန်းနဲ့ အတူ ဈေးကိုအသွား လမ်းဖြတ်စဉ်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ Coconut Bangkok သတင်းကဆိုပါတယ်။ Permpoonနဲ့ သူ့ရဲဆင်ထိန်းဟာ ဆင်စာလှည့်လည်ရောင်းချကာ အသက်မွေးဝမ်း ကျောင်းပြုနေတာဖြစ်ပြီး၊ ဆင်စာရောင်းချဖို့ ဈေးကို အသွားမှာ အခုလို ဓာတ်လိုက် သေဆုံးသွားတာဖြစ်တယ်လို့ သိရပြီး အနီူအနားရှိသူတွေက ဆင်ကိုကယ်ဖို့ အာဏာပိုင်တွေကို ခေါ်ကာ လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ရန် ကြိုးစားပေမယ့် အရမ်းနောက်ကျ သွားပြီလို့ဆိုပါတယ်။
ဆင်သေဆုံးတဲ့နားက ဓာတ်တိုင်က ဓာတ်ကြိုးတချောင်းကို မြေပြင်ပေါ်မှာ တွေ့နေရပါတယ်။
ဆင်ထိန်းကတော့ သူနဲ့ သူ့ဆင် Permpoon ဟာ ဆူရင်ကနေ လာခဲ့တာဖြစ်တယ်၊ သူ့ရဲ့ ဆင်ကို အစာကျွေးနိုင်အောင် တွေ့တဲ့လူတွေကို ဆင်စာရောင်းကာ ကျွေးမွေးခဲ့တယ်လို့ ဆိုပေမယ့် အာဏာပိုင်တွေကတော့ သူ့ရဲ့ ဆင်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း များကို စစ်ဆေးမယ်၊ မမှန်ကန်ရင် အရေးယူမယ်လို့ ဆိုလိုက်ပါတယ်။
သေဆုံးသွားတဲ့ ဆင် Permpoonကို Kasetsart တက္ကသိုလ် တိရိစ္ဆာန်ဆေးရုံကို ပို့ပြီး စစ်ဆေးမယ်လို့ သိရပါတယ်။