ဗုဒ္ဓပုံတော်ကို ခြေထောက်၌ ဆေးမှင်ကြောင်(Tattoo) ထိုးထားသည့် စပိန် ကမ္ဘာလှည့်ခရီးသွားတဦးကို မြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်လိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။ အဆိုပါ စပိန်ကမ္ဘာလှည့် ခရီးသွားဟာ ရှေးဟောင်းယဉ်ကျေးမှု ပုဂံမြို့ကို သွားရောက်လည်ပတ်စဉ် သူရဲ့ညာဘက် ခြေသလုံးမှာ ထိုး ထားတဲ့ ဗုဒ္ဓပုံ ဆေးမှင်ကြောင်ကို ဘုန်းတော်ကြီးများက မြင်တွေ့ပြီး နောက် ရဲတပ်ဖွဲ့ကို အကြောင်းကြား လာ တဲ့အတွက် ယင်းစပိန်နိုင်ငံသားကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ရကြောင်း ပုဂံရဲတပ်ဖွဲ့မှ AFP သတင်းကိုပြောတယ်လို့ ရေးသားထားပါတယ်။
အဆိုပါ စပိန်နိုင်ငံသားဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်မပြော ပေမယ့် မနေ့ညနေကတော့ ရန်ကုန်မှ တဆင့် ဘန်ကောက်ကို ပြန်လည်ပို့လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ကနေဒါ ကမ္ဘာလှည့်ခရီးသွားတဦးဟာလည်း ဗုဒ္ဓပုံတော်ကို ခြေထောက်မှာ ထိုး ထားတဲ့အတွက် ထိန်းသိမ်းခြင်းခံခဲ့ရသလို၊ ပြီးခဲ့တဲ့နှစ်ကလည်း နယူးဇီလန်နိုင်ငံသား ဖိလစ် ဘလက်ခ်ဝုဒ် ဆို သူဟာ နားကြပ် တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို ဘားဆိုင်မှာ အသုံးပြုခဲ့တဲ့အတွက် ထောင်ဒဏ် ၂နှစ် ၆လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။