စင်ကာပူနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ဦးကို အကြမ်းသမားများအား ငွေကြေးထောက်ပံမှု ဆိုတဲ့ ဆွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ထောင်ဒဏ် ၂နှစ်မှာ ၅နှစ်အကြား အသီးသီး ယနေ့ချမှတ်လိုက်ပါတယ်၊ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ဦးဟာ သူတို့ နိုင်ငံမှာရှိတဲ့ အစ္စလာမစ် စစ်သွေးကြွ အဖွဲ့အတွက် ငွေကြေး ကောက်ခံပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းမှာ လာရောက်အလုပ်လုပ် ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၆ ဦးကို အယ်ကိုင်ဒါး၊ IS အကြမ်းဖက် စစ်သွေးကြွတွေရဲ့ ဂျီဟတ်အတွေးအခေါ်တွေကို သင်ကြားလေ့လာတဲ့ အဖွဲ့ ထူထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်ကာပူ အစိုးရက နေရပ်ရင်းကို ပြန်ပို့လိုက်ပါသေးတယ်။