သတင်းတို

ပေါ်တူဂီ စစ်ဘက်လေလယာဉ် ပျက်ကျ၊ ၃ဦးသေဆုံး

This article has been converted from Zawgyi One to Unicode

မွန်တီဂျို လေတပ်စခန်းတွင် ဆိုက်ထားသည့် C-130 ကုန်တင်လေယာဉ်တစီး
မွန်တီဂျို လေတပ်စခန်းတွင် ဆိုက်ထားသည့် C-130 ကုန်တင်လေယာဉ်တစီး

ပေါ်တူဂီလေတပ်မှ အမေရိကန်လုပ် ဟာကျူလီ အမျိုးအစား C -130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစီးဟာ မွန်တီဂျို လေတပ်စခန်းကနေ ယနေ့ ပျံတက်စဉ်မှာ ပျက်ကျကာ မီးလောင်သွားခဲ့ပါတယ်လို့ ပေါ်တူဂီ အစိုးရ သတင်း Lusa ကဆိုပါတယ်။ လေယာဉ်ပေါ်မှာ လူ၇ဦး လိုက်ပါလာရာ ၃ဦးသေဆုံးသွားပြီး ၄ဦး ဒဏ်ရာရရှိ သွားပြီး၊ သူတို့ဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ပေါ်တူဂီ ကာကွယ်ရေး ဝန်ကြီးဌာနက ချက်ခြင်းအတည်မပြုနိုင် သေးပါဘူး။

အမေရိကန် လော့ခ်ဟိမာတင် က ထုတ်လုပ်တဲ့ ဟာကျူလီ C-130 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ တာဘိုအင်ဂျင် ၄လုံးတပ်ဖြစ်ပြီး၊ လွယ်ကူစွာ အတက်အဆင်းပြုလုပ်နိုင်ပြီး၊ ကုန်ပစ္စည်း၊ စစ်သည်၊ လူနာများ သယ်ယူရာမှာ အသုံးပြုပါတယ်။

Loading