တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် သက်ဆိုင်သည့် နိုင်ငံများက အခြေအနေကို တင်းမာစေမည့် လုပ်ဆောင်မှုများအပေါ် ထိန်းသိမ်းဆောင်ရွက်ပြီး ပြဿနာကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းသည်ဟု ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ၇ အရ တောင်တရုတ်ပင်လယ်အရေးကိစ္စတွင် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက်အပြည့်အဝနှင့် အကောင်အထည်ဖော်ရေး၊ တောင်တရုတ်ပင်လယ်တွင်း ကြေညာချက်တရပ် ဆောလျင်စွာ ပေါ်ထွက်ရေးအတွက် တူညီဆန္ဒအပေါ် အခြေပြု၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ တရုတ်နိုင်ငံတို့နှင့် ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဟု ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်ကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောဆိုနေမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ် ကတည်းက ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS) နဲ့ အညီ ဆုံးဖြတ်ပေးဖို့ နိုင်ငံများအကြား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ အဖွဲ့ (PCA)ကို တင်ပြခဲ့တာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီ တရုတ်ရဲ့ တောင်းဆိုမှုကို နိုင်ငံတကာ ခုံရုံးက ပယ်ချလိုက်ပြီး နောက်တရက်မှာ ထိုင်ဝမ်ကလည်း ရေပိုင်နက်ကာကွယ်ဖို့ စစ်သင်္ဘော စေလွှတ်တာဖြစ်ပါတယ်။