အာဏာသိမ်းမှု ဖြစ်ပွားနေတဲ့ တူရကီနိုင်ငံက အစ္စတန်ဘူလ်မြို့မှာ အကြိမ် ၄၀မြောက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ကော်မတီ(40th World Heritage Committee) အစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိ နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပိတ်မိနေတယ်လို့ သိရပါတယ်။ဇူလိုင် ၉ ရက်နေ့ကနေ ၂၀ ရက်နေအထိ ကျင်းပတဲ့ အဆိုပါ အစည်းအဝေးကို တက်ရောက်မယ့် မြန်မာ ကိုယ်စားလှယ်အဖွဲ့မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သစ်တောရေးရာ ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတွေ ပါဝင်ကြပါတယ်။
သူတို့အဖွဲ့ထဲက တချို့ဟာ မနက်ဖြန်မှာ ပြန်ဖို့ စီစဉ်ထားပေမယ့်၊ စစ်အုပ်ချုပ်ရေးကြေညာထားပြီး လေဆိပ်တွေ ပိတ်ထားတဲ့ အခြေအနေမှာ ပြန်ဖို့ ခက်ခဲလိမ့် အုံးမယ်လို့ သိရပါတယ်။
သူတို့ဟာ လတ်တလောအခြေအနကတော့ လုံခြုံတဲ့ အနေအထားမှာ ရှိနေပြီး စိုးရိမ်စရာမရှိဘူးလို့လည်း ဧရာဝတီက စုံစမ်းသိရပါတယ်။