လူပေါင်း ၈၄ ဦးသေဆုံးခဲ့ရတဲ့ ပြင်သစ်နိုင်ငံ နိစ်မြို့ လူအုပ်ထဲ ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ တိုက်ခိုက်မှု ကို IS အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အယ်ဂျာဇီးယား ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။ နိစ်မြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သူတို့လုပ်ဆောင်ခဲ့တယ်ဆိုတာကို IS အဖွဲ့ ရဲ့ သတင်းထုတ်ပြန်ရေး မီဒီယာက ထုတ်လွှင့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စနေ့ နံနက်စောစောမှာတော့ အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူ ၃ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ပြင်သစ် ရုပ်သံ BFM ကဆိုပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ညက ပြင်သစ်နိုင်ငံ နိစ်မြို့က အမျိုးသားနေ့ ကျင်းပနေတဲ့ လူအုပ်ထဲကို အသက် ၃၁နှစ်အရွယ် တူနီးရှားအနွယ်ဖွား ပြင်သစ်နိုင်ငံသား မိုဟာမက် ဘူဟီ ဆိုသူက တဦးက ထရပ်ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ကာ အမျိုးသားနေ့ ကျင်းပနေတဲ့ လူအုပ်ထဲကို ဝင်ရောက်တိုက်တဲ့ အတွက် လူ ၈၄ ဦးသေဆုံးကာ၊ ၁၀၀ကျော် ဒဏ်ရာခဲ့ပါတယ်။မိုဟာမက် ဘူဟီကိုတော့ ပြင်သစ်ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့ပါတယ်။