မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ တူရကီနိုင်ငံမှာ ရဟတ်ယာဉ် အနည်းဆုံး ၄၂ စီး ပျောက်ဆုံးနေသည့်အတွက် ဒုတိယအကြိမ် အာဏာသိမ်မှု ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း CNN (တူရကီ) သတင်းက ဆိုပါတယ်။ ထိုအတွက် ရဲတပ်ဖွဲ့အင်အား ၂ထောင်ကို မြို့တော် အစ္စတန်ဘူးလ်သို့ ဆင့်ခေါ်လိုက်ပြီး၊ ရဟတ်ယာဉ်များ ပျံသန်းပါက ပစ်ချဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။ အရေးပေါ်စီမံချက်အရ ရဲအင်အား ၂ထောင်နီးပါးကို မြို့တော်ရဲ့ အရေးပါတဲ့နေရာ တွေမှာ ဖြန့်ချခဲ့ပြီး ရဟတ်ယာဉ် ပျံတက်လာရင် သတိမပေးပဲ ပစ်ချဖို့လည်း အမိန့်ပေးထားတယ်လို့ သိရပါတယ်။
ဒါအပြင် အာဒိုဂန်အစိုးရဟာ F-16 တိုက်လေယာဉ်တွေကိုလည်း တပ်လှန့်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က တူရကီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ လူပေါင်း ၂၆၅ ဦးအသတ်ခံရပြီး၊ ဒဏ်ရာရသူ ၁၄၇၀ ဦး၊ အဖမ်းခံရသူ ၂၇၄၅ ဦးဖမ်းထားတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေထဲမှာ အာဒိုဂန်အစိုးရရဲ့ အဆင့်မြင့် စစ်ဖက်ဆိုင်ရာ အကြံပေးလည်းပါ ပါတယ်။
အမေရိကန်ကတော့ တူရကီရဲ့ အခြေအနေဟာ မတည်ငြိမ်သေးတဲ့အတွက် သူ့နိုင်ငံသားတွေ တူရကီ ကိုသွားရောက်မလည်ပတ်ဖို့ သတိပေးထားပါတယ်။
တူရကီ လေတပ်အခြေစိုက်စခန်းမှာထားရှိတဲ့ နျူကလီးယားလက်နက် ၉၀ကိုတော့ နေတိုးက လတ် တလော ထိန်းသိမ်းထားပါတယ်။