ဂျာမနီနိုင်ငံ ဝုဇ်ဘဂ်နဲ့ အော့စင်ဖတ် မြို့ကို ပြေးဆွဲနေတဲ့ ရထားတစင်းပေါ်မှာ ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံနေတဲ့ ၁၇နှစ်သားအရွယ် အာဖဂန်နစ္စတန်လူငယ် တဦးက ခရီးသည်တွေကို ပုဆိန်နဲ့ ဓားကို သုံးကာ တိုက်ခိုက်မှုကြောင့် လူ ၂၁ ဒဏ်ရာရှိသွားပါတယ်။ တိုက်ခိုက်ပြီး ထွက်ပြေးသွား တဲ့ အဆိုပါ လူငယ်ကို ဂျာမနီရဲက ပစ်သတ်လိုက်ပါတယ်။
ဂျာမန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ အဆိုအရ တိုက်ခိုက်သူဟာ “အလာဟူ အက္ကဘာ” လို့ ကြွေးကြော်က တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၁ဦး ဒဏ်ရာရသွားသလို ရထားပေါ်ပါ ခရီးသည်တွေဟာ ထိတ်လန့်တုန်လှုပ်မှု ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာ ဧရိယာမှာ ရဟတ်ယာဉ်တွေဟာ ဝဲပျံပြီး ကင်းလှည့်နေသလို၊ ရဲအများအပြားကိုလည်း ချထားပါတယ်။
ဘာကြောင့် တိုက်ခိုက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မသိရသေးပေမယ့်၊ ဒီအချိန်မှာတော့ အရာရာ ဖြစ်နိုင်တယ်လို့ ရဲအရာရှိကဆိုပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အခုတလော ပိုမိုများပြားလာရာ ပြီးခဲ့သည့် တပတ်က ပြင်သစ်နိုင်ငံ နိစ်မြို့မှာ တူနီးရှားလူမျိုးတဦးက ထရပ်ကားနဲ့ တိုက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၈၄ဦးသေဆုံးခဲ့ရ သလို၊ အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အာမေနီးယား နဲ့ ကာဇက်စတန်မှာလည်း ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။