သတင်းတို
တရုတ်ခရီးသွားများ စီးလာသည့်ကား လမ်းဘေးသံတန်းကိုတိုက်၊ ၂၆ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
ထိုင်ဝမ်နိုင်ငံ Taoyan မြို့အနီး အမှတ် ၂ အဝေးပြေးလမ်း၌ ယနေ့နေ့လည် ၁နာရီခွဲခန့်က ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်လာ သည့် ဘတ်စ်ကားတစီး အရှိန်ဖြင့် လမ်းနံဘေးကာရံထား သည့် သံဘောင်လက်ရန်းကို တိုက်မိပြီး မီးလောင်သဖြင့် ကားပေါ်တွင် လိုက်ပါလာသည့် နိုင်ငံခြားခရီးသွား ၂၆ဦး သေဆုံးသွားပြီး ၂၀ ကျော်မှာ တရုတ်နိုင်ငံသားများဖြစ်တယ်လို့ AFP သတင်းက ဆိုပါတယ်။ ကားဟာ Taoyan မြို့က နိုင်ငံတကာလေဆိပ်ကို သွားရောက်တာဖြစ်ပြီး၊ သံတန်းကိုတိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။