စိတ်ကြွဆေးပြား ရောင်းချ သုံးစွဲမှုဖြင့် ၅ ဦး အဖမ်းခံရ
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့မှ ဧရာဝတီတိုင်း အတွင်းရှိ မြို့များသို့ စိတ်ကြွဆေးပြားများ ဖြန့်ဖြူးရောင်းချရန် ပုသိမ်မြို့သို့ ရောက်ရှိလာသူ ၅ ဦးကို ပုသိမ်မြို့မစခန်းမှ ရဲတပ်ဖွဲ့များက ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ် စက်မှုဇုန်အနီးရှိ City Star တည်းခိုခန်းတွင် တည်းခို၍ စိတ်ကြွ ဆေးပြားများ သုံးစွဲ ရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်း ဦးဆောင်သည့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၄၉ ပြားနှင့်အတူ ရန်ကုန်မြို့နေ ကျော်ဇင် (၃၇) နှစ်၊ လှိုင်သာယာမြို့နေ ဇင်ဦး (၂၃) နှစ်နှင့် အောင်ထက်စံ (၂၀) နှစ်၊ ကမာရွတ်မြို့နေ အောင်သီဟ (၁၉) နှစ်နှင့် လပွတ္တာမြို့နေ စိုးပိုင်ထွန်း (၂၅) နှစ်တို့ ဖမ်းဆီးရမိကြောင်း သိရသည်။