သတင်းတို
ဂျပန်နိုင်ငံ၌ ဓားခုတ်မှုဖြစ်ပွား၊၁၉ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
ဂျပန်နိုင်ငံ တိုကျို အနောက်ပိုင်းရှိ ဆာဂါမိဟာရာမြို့က မသန်စွမ်းသူများ စောင့်ရှောက်ရေး ဂေဟာမှာ အသက် ၂၆နှစ်အရွယ် ဆာတိုရှီ အီမတ်ဆုဆိုသူ အလုပ်သမားဟောင်းတဦးက ဓားနဲ့ တိုက်ခိုက်တဲ့အတွက် လူအနည်းဆုံး ၁၉ဦးသေဆုံးကာ ၂၆ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဓားနဲ့ တိုက်ခိုက်သူဟာ ဒီကနေနံနက် ၂နာရီခွဲမှာ ရဲတပ်ဖွဲ့မှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဘာကြောင့်သတ်ဖြတ်မှုကို ပြုလုပ်တယ်ဆိုတာကို မသိရပေမယ့် အဆာဟိ သတင်းစာရဲ့အဆိုက တော့ လူသတ်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူဟာ ကမ္ဘာကြီးမှာ မသန်းစွမ်းသူတွေမရှိစေချင်ဘူူး ရှင်းပစ်ချင်လို့ ဖြစ်တယ်လို့ ရဲကို ထွက်ဆိုကြောင်းဆိုပါတယ်။