သတင်းတို
အမေရိကန်စစ်လေယာဉ်အား ပစ်ချလိုက်တယ်လို့ IS ကြေညာ
This article has been converted from Zawgyi One to Unicode
အီရတ် အနောက်ပိုင်းက အန်ဘာပြည်နယ်မှာ အမေရိကန်စစ်လေယာဉ်တစီးကို ပစ်ချလိုက်တယ် လို့ IS အဖွဲ့က ကြေညာလိုက်ပါတယ်။ လေယာဉ်ပေါ်မှာပါတဲ့ လူများလည်း သေဆုံးသွားတယ်လို့ ဆိုလိုက်ပြီး၊ ဒီစစ်လေယာဉ်ဟာ အီရတ်က Ain Al-Asad လေတပ်စခန်း အနီးမှာ အီရတ်နဲ့ အမေရိကန် ပူးတွဲစစ်ဆင်ရေးတွေမှာ လှုပ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လို လေယာဉ်အမျိုးအစားဖြစ်တယ်ဆိုတာကတော့ ဖော်ပြမထားပါဘူး။
အမေရိကန် စစ်ဌာနချုပ်ကတော့ ဒီလို စစ်လေယာဉ်ပစ်ချတယ်ဆိုတဲ့ ကြေညာချက်ဟာ သက်သေ အထောက်အထားမဲ့ဖြစ်တယ်လို့ ဆိုလိုက်ပြီး၊ အမေရိကန်တပ်ဖွဲ့တွေဟာ အန်ဘာပြည်နယ်တည်ငြိမ်ရေး အတွက် လှုပ်ရှားဆောင်ရွက်နေပြီး၊ ပြီးခဲ့တဲ့တပတ် IS အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှု ၇၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ယနေ့ ထုတ်ပြန်ပါတယ်။