သတင်းတို

ပြင်သစ် ဘုရားကျောင်း လူ၂ဦး ဝင်ရောက် စီးနင်း၊ ဘုန်းကြီးတပါး အသတ်ခံရ

This article has been converted from Zawgyi One to Unicode

ပြင်သစ် ဘုရားကျောင်းကို ဝင်ရောက် စီးနင်း၊ ဘုန်းကြီးတပါး အသတ်ခံရ

ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသရှိ Saint Etienne du Rouvray ဘုရားကျောင်းကို ဓားကိုင်ထားတဲ့ လူ ၂ဦးက ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးတပါး၊ မယ်သီလရင် ၂ပါးနှင့် ဝတ်ပြုဆုတောင်းများကို ဖမ်းဆီး ကာ ဘုန်းကြီး၏ လည်ပင်းကို ဓားဖြင့်လှီး သတ်ဖြတ်ခဲ့ကြောင်း The Guardian သတင်းက ဆိုပါတယ်။ ရဲနှင့်စစ်သားများ ရောက်ရှိလာပြီး ဘုရားကျောင်း ဝင်ရောက်စီးနင်းပြီး ကျန်ဓားစာခံများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က အဆိုပါ ဓားကိုင်ထားသည့် လူ ၂ဦးကို ပစ်သတ်ခဲ့တယ်လို့လည်း  သိရပါတယ်။

ယခုဖမ်ဆီးခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့်၊ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နေပါတယ်။

ပြီးခဲ့သည့်တပတ်ကလည်း ပြင်သစ်နိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ နိစ်မြို့မှာ IS နဲ့ ဆက်နွယ်တဲ့ တူနီးရှားလူမျိုး အကြမ်းဖက်သမားက ထရပ်ကားနဲ့ ဝင်တိုက်တဲ့အတွက် လူပေါင်း ၈၀ကျော်သေဆုံး ကာ ၁၂၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

 

Loading