တူရကီရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲမှာ သမ္မတ အာဒိုဂန်ကို ဖမ်းဆီးဖို့ တာဝန်ပေးခံရတဲ့ ကွန်မန် ဒို ၁၁ ဦးကို တူရကီ အထူးတပ်ဖွဲ့တွေက မောင်းသူမဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ရေတပ်သင်္ဘော တွေကို အသုံးပြုကာ တောင်ပိုင်း ပင်လယ်ကမ်းခြေက မာမရစ်ဒေသတဝိုက်မှာ ရှာဖွေနေတယ်လို့ သိ ရပါတယ်။ အဲဒီကွန်မန်ဒို ၁၁ဦးထဲက ၇ဦးဟာ သမ္မတအာဒိုဂန်ကို ဖမ်းဆီးဖို့ တာဝန်ယူထားသူတွေဖြစ် ပြီး၊ မအောင်မြင်တဲ့ အာဏာသိမ်းမှု အပြီးမှာ ပျောက်ဆုံးသွားတာကြောင့် သူတို့ကို မတွေ့မချင်း ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေမယ်လို့ တူရကီ အခြေစိုက် Hurriyet Daily သတင်းကဆိုပါတယ်။
ယခုအချိန်မှာတော့ တူရကီအစိုးရဟာ အရေးပေါ်အခြေအနေ ၃လ ကြေညာက တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ပုန်းတွေကို လိုက်လံသိမ်းဆည်း နေပြီး၊ လူအများအပြားကိုလည်း ဖမ်းဆီးနေတာကြောင့် အမေရိကန်နဲ့ EUက သတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။