
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလလယ်လောက် ဝါရှင်တန် လာလည်မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောတယ်လို့ အေပီသတင်းတပုဒ်က ဖော်ပြပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲအပြီး သက်တမ်းမကုန်ခင် ဒေါ်အောင်ဆန်းစုကြည် လာဖို့ သမ္မတ အိုဘားမားက ဖိတ်ကြားတဲ့ စာကို အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး လက်ထောက်အကြံပေး ဘန်ရုဒ်က ပြီးခဲ့တဲ့ ရက်သတ္တပတ် မြန်မာပြည် လာစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခု စက်တင်ဘာလအတွင်းကလည်း သမ္မတဟောင်း ဦးသိန်းစိန်နဲ့အတူ သွားရောက်ခဲ့ပြီး မြန်မာ့ပြုပြင်ပြောင်းလဲရေး တံခါးပွင့်ပြီဖြစ်ကြောင်း ခိုင်မာစေခဲ့တယ်။
အခု လာမယ့် ခရီးစဉ်မှာလည်း အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းကို ပြီးရင် မြန်မာ့အကူးအပြောင်းကို ထောက်ခံအားပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းနိုင်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားနဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးကြပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီကို ထောက်ခံအားပေးကြသူတွေ ဖြစ်ပါတယ်။