သတင်းတို
မလေးရှား ဒုက္ခသည်စခန်းရောက် အလုပ်သမား ၂၂၀၀ ကျော် ပြန်ခေါ်မည်
This article has been converted from Zawgyi One to Unicode

အစိုးရ က မလေးရှားနိုင်ငံ ရှိ ဒုက္ခသည် စခန်း ၁၁ ခုတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမား ၂၂၉၄ ဦးကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများစုပေါင်းပြီး အလုပ်သမားများကို ပြန်လည်ခေါ်ဆောင်မည့် ကော်မတီတရပ်ကို အမြန်ဆုံးဖွဲ့စည်းမည်ဟုလည်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ဒုက္ခသည်စခန်းများမှ အလုပ်သမား ၂၂၉၄ ဦးကို ပြန်လည်ခေါ်ဆောင်ရာတွင် အသုံးပြုမည့် လေယာဉ် ၁၀ စီးကိုလည်း ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းနှင့် Mother Trading Co.,ltd မှ ဦးအောင်မြတ်တို့က အဓိက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာတွင် ရေးသားထားသည်။