သတင်းတို

လစာထုတ်သည့် ကျောင်းဆရာမများ စက်လှေနစ်မြုပ် ၊ ၃ ဦးပျောက်ဆုံးနေ

This article has been converted from Zawgyi One to Unicode

စက်လှေနစ်မြုပ်မှု ကယ်ဆယ်ရေး ပြုလုပ်နေသူများ(ဓာတ်ပုံ - Than Htay facebook)
စက်လှေနစ်မြုပ်မှု ကယ်ဆယ်ရေး ပြုလုပ်နေသူများ(ဓာတ်ပုံ – Than Htay facebook)

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အောက်ကင်း ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်က လစာသွားထုတ် ရာမှပြန်လာသည့် ကျောင်းဆရာမများ လိုက်ပါလာသော စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်မှူးရုံးက သတင်းရရှိသည်။

အဆိုပါ စက်လှေနစ်မြုပ်မှုတွင် စီးနင်းလိုက်ပါသည့် အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ ဦး တို့ ပျောက်ဆုံးနေပြီး ရှာဖွေမှုများ ဆက်လက်ပြုလုပ်လျက်ရှိနေကြောင်း လည်းသိရှိရသည်။

Loading