သတင်းတို

တူရကီ အနောက်အုပ်စုကနေ ရုရှားဘက်ယိမ်းသွားပြီလား

This article has been converted from Zawgyi One to Unicode

တူရကီ အနောက်အုပ်စုကနေ ရုရှားဘက်ယိမ်းသွားပြီလား

တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတအာဒိုဂန် ဟာ ရုရှားသမ္မတပူတင် နဲ့ တွေ့ဆုံဖို့ စိန့်ပီတာစဘတ်မြို့ကို လာမည့် သြဂုတ်လ ၉ရက်နေ့မှာ သွား ရောက် မှာဖြစ်ပါ တယ်။

သမ္မတ အာဒိုဂန်ရဲ့ ရုရှားခရီးစဉ်ဟာ ထူးခြားမှုရှိပြီး ရုရှားနဲ့ ဆက်ဆံရေး၊ နိုင်ငံရေးနဲ့ စီပွားရေး အခြေ အနေကို ပြန်လည်ထိန်းသိမ်းဖို့အပြင် နေတိုးအဖွဲ့ရဲ့ အလေးမထားမှုနဲ့ ဝါရှင်တန်ရဲ့ မကျေနပ်မှု ကြောင့် တူရကီဟာ အနောက်အုပ်စုကနေ ရုရှားဘက်ကို ယိမ်းသွားခဲ့ပြီလို့ လေ့လာသူတွေက ဆိုပါတယ်။

တူရကီ ဒု ဝန်ကြီးချုပ် မာမက်ဆင်မ်ဆက်ကလည်း “ရုရှားဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းသာမက တူရကီရဲ့ မဟာဗျူဟာကျတဲ့ မိတ်ဖက်နိုင်ငံလည်း ဖြစ်တယ်၊ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရုရှားလေယာဉ် ပစ်ချခဲ့ချိန် မတိုင်ခင်ကလို ပိုမိုကောင်းမွန်တို့ ဆက်ဆံရေးရှိတယ်ဆိုတာ ပြသဖို့ မျော်လင့်တယ်လို့” ပြီးခဲ့တဲ့ အင်္ဂါ နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ သိရပါတယ်။

ရုရှား- တူရကီဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်နေ့က ရုရှား ဆူခွိုင်း ဗုံးကြဲလေယာဉ် S-24 ကို ပစ်ချလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တင်းမာခဲ့ရုံသာမက စီးပွားရေး ပိတ်ဆို့မှု ကိုပါ ရုရှားက ပြုလုပ်ခဲ့ ရာ သမ္မတ အာဒိုဂန်က ပြန်လည်တောင်းပန်ခဲ့တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင် ခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက် တူရကီ စစ်အာဏာသိမ်းမှုကို ရုရှားသမ္မတ ပူတင်က သမ္မတအာဒိုဂန်ကို ထောက်ခံလိုက်တာကြောင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုမိုလျင်မြန်စွာ တိုးတက်သွားတာဖြစ်ပါတယ်။
ဒါအပြင် တူရကီစစ်တပ်ရဲ့ အာဏာသိမ်းမယ့် အစီအစဉ်ပြောဆိုနေတာတွေကို ရုရှားထောက်လှမ်းရေး က ကြားဖြတ်ဖမ်းယူရရှိပြီး သမ္မတအာဒိုဂန်ကို သတိပေးမှုပြုလုပ်လိုက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ လည်းရှိနေပါတယ်။

သမ္မတ ပူတင်ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်ပြီး တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ကလည်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ ချီးကျူးပြောဆိုခဲ့ပါတယ်။
တချိန်ထဲမှာပဲ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အခါပေးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ပြည်ပြေး ဘာသာ ရေး ခေါင်းဆောင် ဖာသူလာ ဂူလန်ကို အမေရိကန်အနေနဲ့ လွှဲအပ်ဖို့ တူရကီက တောင်းဆိုထားတဲ့ အတွက် အမေရိကန်- တူရကီ ဆက်ဆံရေးဟာ အောက်ဆုံးအဆင့်မှာ ရောက်နေတယ်လို့ ဆိုရမှာပါ။
ဒါအပြင် မအောင်မြင်တဲ့ တူရကီစစ်တပ်ရဲ့ အာဏာသိမ်းမှုမှာ အမေရိကန်အနေနဲ့ ပူးပေါင်းကြံစည် တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာလည်း အမေရိကန်- တူရကီဆက်ဆံရေးကို ထိခိုက်စေပါတယ်။

Bloomber သတင်းကတော့ ဒီလို ရုရှားနဲ့ တူရကီတို့ ပြန်ပေါင်းထုတ်ခြင်းကြောင့် ဒေသတွင်းမှာ နိုင်ငံ ရေး ရပ်တည်ချက် ပြောင်းသွားနိုင်ပြီး၊ အာဏာသိမ်းမှုအပြီး နှိမ်နင်းမှုများကို အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုများကို အာဒိုဂန်အနေနဲ့ ပြောင်းလဲပစ်လိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

Loading