သတင်းတို
ဗလီများတွင် ခွင့်ပြုချက်မဲ့ ဟောပြောသူ ပါကစ္စတန်နိုင်ငံသား ၂ ဦးကို ပြည်နှင်ဒဏ်ပေး
ပါကစ္စတန် နိုင်ငံသား သားအဖ ၂ ဦးကို ရုံးထုတ်လာစဉ် / မျိုးမင်းစိုး / ဧရာဝတီ
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
ရန်ကုန်တိုင်း၊ ပန်းပဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ရှိ ဗလီများတွင် ခွင့်ပြုချက် မရှိဘဲ ဟောပြောခဲ့သူ ပါကစ္စတန်နိုင်ငံသား သားအဖ ၂ ဦးအား တာမွေမြို့နယ် တရားရုံးက ပြည်နှင်ဒဏ်နှင့် ဒဏ်ငွေကျပ် ၁ သိန်းစီး ယနေ့ သြဂုတ်၁ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ပါကစ္စတန်နိုင်ငံသား
၎င်းတို့ ၂ ဦးမှာ အသက် ၆၃ နှစ်ရှိ Amed Zulficar နှင့် သားဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ Amed Saifullah တို့ဖြစ်ပြီး ဇူလိုင် ၂၆ ရက်တွင် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်သို့ လာရောက်ခဲ့ခြင်း ဖြစ်ကာ ဇူလိုင် ၃၀ ရက်နေ့တွင် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Did you find apk for android? You can find new Free Android Games and apps.