သတင်းတို

Cobra Gold 2017ကို အပေါ့စားစစ်ရေးလေ့ကျင့်မှုသာ ပြုလုပ်တော့မည်

This article has been converted from Zawgyi One to Unicode

လာမည့်နှစ် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွှေမြွေဟောက်(Cobra Gold – 2017)စစ်ရေးလေ့ကျင့်မှုကို အခါတိုင်းကဲ့သို့အကြီးစားလေ့ကျင့်မှုမျိုး မဟုတ်တော့ပဲ ယခုနှစ်တွင် အပေါ့စားလေ့ကျင့်မှုသာ ပြုလုပ်ရန် အမေရိကန်နှင့် ထိုင်းစစ် ဘက် အာဏာပိုင်တို့က စီစဉ်နေကြောင်း Bangkok Post သတင်း ကဆိုပါတယ်။

အမေရိကန်ပစ္စဖိတ်တပ်တော်စု၏ အကြီးအကဲနဲ့ အဖွဲဟာ ယနေ့ ဘန်ကောက်မြို့ကို ရောက်ရှိလာကာ အဆိုပါ စစ်ရေးလေ့ကျင့်မှု ပြောင်းလဲရေးအတွက် ထိုင်းစစ်ဘက်နှင့် ငါးရက်ကြာ အစည်းအဝေးပြုလုပ် မယ်လို့သိရပါတယ်။

အရှေ့တောင် အာရှမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုကို လာမည့်နှစ် ဖေဖေါ်ဝါရီလမှာပြုလုပ်မှာဖြစ်ပြီး၊ နိုင်ငံ ပေါင်း ၂၇ နိုင်ငံက တက်ရောက်ကာ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း နဲ့ အမေရိကန် စတဲ့ နိုင်ငံ ရ နိုင်ငံက စစ်သား ၈၅၆၄ ပါ၀င်လေ့ကျင့်ခဲ့ပါတယ်။

မြန်မာတပ်မတော်ကလည်း ၂၀၁၃ ခုနှစ်က စတင်ကာ လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် ပတ်သက်သည့် လေ့ကျင့်မှု အပိုင်းကိုလေ့လာ သူအဖြစ်တက် ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပလာတာနှစ်ပေါင်း ၃၀ခန့်ရှိပြီဖြစ်တဲ့ ရွှေမြွေဟောက်(Cobra Gold )စစ်ရေးလေ့ ကျင့်မှုကို ယခုနှစ်မှာ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ဒေသက Wang Nam Khieo နဲ့ နခွန် ရာချာစီမာ ခရိုင်တွေနဲ့ မရိန်းတပ်တွေရဲ့ လေ့ကျင့်မှုကို အရှေ့ဘက်က ချန်သာဘူရီနဲ့ ချွန်ဘူရီ၊ ရနောင်းစတဲ့ ခရိုင်တွေမှာ ပြုလုပ်မှာဖြစ်ပါတယ်။

အမေရိကန်စစ်သား ၄၀၀၀ လာရောက်မယ်လို့ ထိုင်းဘက်ကတော့ ခန့်မှန်းထားပါတယ်။

Loading