သတင်းတို

ရုရှားရဟတ်ယာဉ် Mi-8 ပစ်ချခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရုရှားရဟတ်ယာဉ် Mi-8 ပစ်ချခံရဆီးရီယားနိုင်ငံ Idlib ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေး ပစ္စည်းများ သယ်ယူ ပို့ဆောင်နေတဲ့ ရုရှားစစ်ဘက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mi-8 တစီးဟာ ယနေ့ ပစ်ချခံခဲ့ ရကြောင်း၊ ရဟတ်ယာဉ်ပေါ်မှာ အဖွဲ့သား ၃ဦးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲ့မှ အရာရှိ ၂ဦး စုစုပေါင်း ၅ဦးလိုက်ပါလာပြီး ထိုသူများရဲ့ အခြေအနေကို စုံစမ်းနေကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ Mi-8 ရဟတ်ယာဉ်ဟာ အလက်ပ်ပိုမြို့ကို သွားရောက်ကာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများပေးပို့ခဲ့ပြီး Hmeimim  လေတပ်စခန်းသို့အပြန်မှာ ပစ်ချခံရတာဖြစ်တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ကလည်း ဆီးရီးယားလေတပ်မှ Mi-25 ရဟတ်ယာဉ်တစီးကို IS ကပစ်ချခဲ့ ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading