သတင်းတို

အလုပ်သမားအရေး ကူညီသူကို အလုပ်သမား အေဂျင်စီတခုက တရားစွဲမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး Lover world အေဂျင်စီ က တရားစွဲဆိုမည် ဟု သိရသည်။

ဦးကျော်သောင်းသည် မေလ ၄ ရက်နေ့ သမ္မတရုံး၊ ပြည်တွင်း၊ ပြည်ပ လုပ်သားကော်မတီ၊ ဝန်ကြီးဌာန အပါ အဝင် စာပါ အချက်အလက်များ မှားယွင်းနေသည့် ကိစ္စနှင့် ကုမ္ပဏီကို အကြိမ်ကြိမ် အကျင့်ပျက် ဟူသည့် အသုံး အနှုန်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်သည် ဟု Lover world အေဂျင်စီ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ချိုချိုစန်း က ဧရာဝတီသို့ ပြောသည်။

“ဦးကျော်သောင်း အချက်အလက် မမှန်မကန် ပေးပို့တဲ့အတွက် ကျမတို့ တရားစွဲထားတာပါ။ ကုမ္ပဏီကို စော်ကား သော လူကိုစော်ကားသော စကားရပ်တွေပါတယ်။ ကျမတို့ရဲ့ပုဂိုလ် အကျိုးစီးပွားရေး အတွက် နစ်နာ သွားတဲ့အတွက် ယာယီအမှတ် ၄၈၅/၂၀၁၆ နဲ့ သင်္ဃန်းကျွန်းမှာ အမှုစွဲဆို တိုင်ကြားထားတယ်။ သင်္ဃန်းကျွန်း တရားရုံးက ကြားနာပြီးတဲ့အခါမှာ ကျင့်ထုံး၂၀၂ အရ သုဝဏမြို့နယ် ရဲစခန်းကို စစ်ဆေးဖို့ တာဝန်ပေးခဲ့ပါ တယ်”ဟု ဒေါ်ချိုချိုစန်း က ဆိုသည်။

ဦးကျော်သောင်းအမှုကိုလက်ရှိတွင် ပုဒ်မတပ်ဆင်ထားခြင်းမရှိသေးကြောင်း၊ ဦးကျော်သောင်း တရားရုံးကို လာရောက် အမှုရင်ဆိုင်မှ ပုဒ်မတပ်မည် ဖြစ်ကြောင်း နှင့် ဦးကျော်သောင်းဘက်မှ မှန်ကန်မှုရှိရင် လာရင်ဆိုင် မည် ဟု မျှော်လင့်ကြောင်းလည်း ဒေါ်ချိုချိုစန်းက ပြောဆိုသည်။

ထိုကိစ္စ နှင့် ပတ်သက်ပြီး MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော် ရင်ဆိုင်သွားမယ်။ တရားရုံးမှာလည်း ဖြေရှင်းချင်ပါတယ်။ ကျနော် အဲ့ဒီလိုခေါ်တဲ့အတွက် ဝမ်းသာပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားသည်။

MAT အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေးကို ကူညီဆောင်ရွက်နေသည့် အဖွဲ့ တဖွဲ့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading