ထိုင်းနိုင်ငံသို့ ရောက်နေသည့် နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့ ရောက်ရှိနေသည့် နေရာအား အာဏာပိုင်များမှ ခြေရာခံသိရှိနိုင်ရန် အတွက် အထူးပြုလုပ်ထားသည့် တယ်လီဖုံးSIM ကဒ်များ ကိုအသုံးပြုဖို့ ဆက်သွယ်ရေး စည်းမျဉ်းကို ယနေ့ အတည်ပြုလိုက်ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထား ပါတယ်။
ထိုင်း အမျိုးသား ရုပ်သံနှင့် ဆက်သွယ်ရေးကော်မရှင်(NBTC) အထွေထွေအတွင်းရေးမှူး Takorn Tantasith က အခုဆုံးဖြတ်ချက်ဟာ နိုင်ငံတော်လုံခြုံရေး အတွက်ဖြစ်ကြောင်း၊ NBTC အနေနဲ့ ယခုစီမံ ချက်နဲ့ ပတ်သက် ပြီး မိုဘိုင်းဖုံး ကုမ္ပဏီတွေအပြင် အကောက်ခွန်ဌာန အပါအဝင် တခြားဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေနဲ့ ဆွေး နွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ ဖုံးဆင်းကဒ်များကို ထိုင်းနိုင်ငံသားများသုံးသည့် ကဒ်နှင့် နိုင်ငံခြားသားများ သုံးသည့် ဆင်းကဒ်ဟု ၂ခုခွဲခြားမည်ဟု သိရပြီး၊ အခုလိုပြုလုပ်မှုနဲ့ ပတ်သက်ပြီး ဖုံးအသုံးပြု သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ သူ့အနေနဲ့ မစိုးရိမ်ဘူးလို့လည်း NBTC အတွင်းရေးမှူးက ဆိုပါတယ်။
ထို့အတွက် မိုဘိုင်းဖုံးကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူများ ရှိနေတဲ့အရပ်ကို အမြဲညွန်ပြနိုင်ဖို့ နည်းပညာနဲ့ ပတ် သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ဖို့လည်း Takorn Tantasith ပြောပါတယ်။
ထိုင်း အားကစားနှင့် ကမ္ဘာလှည့်ခရီးသွားလာရေး ဝန်ကြီးဌာန အဆိုအရ ယခုနှစ်ဇန်နဝါရီလမှ ဇူလိုင် လအတွင်း ထိုင်းနိုင်ငံကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ၁၉.၆ သန်းလာရောက်ခဲ့ကြောင်းသိရပါတယ်။