သတင်းတို

ထိုင်း ဗုံးပေါက်ကွဲမှု မသင်္ကာသူ ၂ဦးကို ထိုင်းရဲ ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသများမှာ ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲများနှင့် ပတ်သက်ပြီး မသင်္ကာသည့် လူ ၂ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။

မနေ့ည ၁နာရီခန့်က ဟွာဟင် ပင်လယ််ကမ်းခြေဒေသမှာ ဗုံး ၂လုံးပေါက်ကွဲကာ လူတဦးသေဆုံးပြီး ကမ္ဘာလှည့်ခရီးသွားများ အပါအဝင် လူ ၁၉ဦးဒဏ်ရာရခဲ့သလို သောကြာနေ့ မနက်မှာလည်း ဆူရတ် ဌာနီ၊ ဖူးခက်နဲ့ တခြားသောဒေသတွေမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် စုစုပေါင်း ၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဒါပေမယ့် မသင်္ကာဖွယ် ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ် ဖော်ပြောဆိုသွားခြင်းမရှိပါဘူး။ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁ရရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူ ၂ဝသေဆုံးပြီး ၁၂ဝကျော် ဒဏ်ရာရခဲ့တဲ့ ဘန်ကောက်မြို့လည် ဧရာဝဏ် နတ်ကွန်းဗုံးကွဲ မှုမှာတော့ ၀ိဂါလူမျိုး ၂ဦးက ပြုလုပ်တယ်ဆိုကာ ဖမ်းဆီးအရေးယူထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ပြောခွင့်ရ ရဲဗိုလ်ချုပ် Piyaphan Pingmuang ရဲ့အဆိုအရ သူတို့ ထိုင်းနိုင် ငံမှာ ဘာသာရေးပဋိပက္ခတွေ မရှိသလို၊ တိုင်းရင်းသားလူနည်းစုတွေနဲ့လည်း ပဋိပက္ခဖြစ်နေတာတွေ မရှိဘူး၊ ဒါအပြင် အစ္စလာမစ်နိုင်ငံတော်အဖွဲ့(IS)ရဲ့ ခြိမ်းခြောက်မှုတွေလည်း မရှိဘူး၊ ဒါကြောင့် အခု ဖြစ်ပွားခဲ့တဲ့ ပရာကျွတ် ကရီခန်းနဲ့ တခြားသော တောင်ပိုင်းဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေ အဖျက်အမှောင့်သက်သက်သာဖြစ်တယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားအောင် ပြုလုပ်တာသာဖြစ်တယ်လို့ ဆိုသွားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်း ဆန္ဒခံယူပွဲနဲ့ ပတ်သက်တယ်လို့တော့ ကောက်ချက်ချခြင်းမရှိခဲ့ပါဘူး။

ဖန်င၊ ဖူးခက်၊ စူရတ်ဌာနီ၊ တရန်းနှင့် ပချွတ်ခီရီခန် စသည့် ပြည်နယ် များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက် ကွဲမှုများဟာ ယခုလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ထိုင်းအစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အပြီး ၃ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်ပြီး ဒုတိယမြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့သည် ထိုင်းဘုရင်မကြီး၏ မွေးနေနှင့် လည်း တိုက်ဆိုင်နေပါတယ်။

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda က ရဲတပ်ဖွဲ့များကို အရေးကြီးသည့် အစိုးရ အဆောက်အဦးများနှင့် အထိမ်းအမှတ်နေရာများ လူစည်ကားရာ ဘတ်စ်ကားဂိတ်၊ ဘူတာရုံ၊ လေဆိပ်နှင့် ကမ္ဘာလှည့်ခရီးသွားများ အသွားများသည့် နေရာများကို လုံခြုံရေးအခြေအနေ တိုးမြှင့်ချထားရန် ညွှန်ကြားခဲ့ပါတယ်။

နခွန်ဆီသမရတ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်မှုရှိမရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

Loading