ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင် ပေါင်းလည်မြို့နယ် ဘိုးသာအောင် ဂုံးတံတားအနီးတွင် ယနေ့နံနက် ၆ နာရီခန့်က ပြည်ဘက်မှ ရန်ကုန်ဘက်သို ့ မောင်းနင်လာသည့် ၁၂ ဘီး ယာဉ်ပေါ်တွင် ပိတောက်သစ် တန်ချိန် ၇ ဒဿမ ၇၇၅၀ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၂ ဘီးကား ဖွဲခွံအိတ်များအောက်တွင် ပါလာသည့် ပိတောက်သစ်ဆိုက်မျိုးစုံ စကွဲယားတုံး ၅၀ တုံး၊ သစ်တန်ချိန် ၇ ဒဿမ ၇၇၅၀ တန် အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“သတင်းရလို့ သက်သေတွေနဲ့အတူ စောင့်ဖမ်းလိုက်တာပါ။ ပြည်ဘက်ကနေ ရန်ကုန်ဘက်သွားတာ။ ယာဉ်မောင်းတွေကတော့ မန္တလေးတိုင်းဘက်ကပဲ။ ကားကတော့ လိုင်စင်မဲ့လားဆိုတာ စိစစ်ဆဲပါ။ လိုင်စင်ရှိတယ်လို့တော့ပြောတာပဲ။ ဘာအထောက်အထားမှတော့ မပေးနိုင်သေးဘူး” ဟု ပေါင်းတည်မြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိအေးစိုးက ပြောသည်။
ထို့ကြောင့် ယာဉ်မောင်း မျိုးလှိုင်နှင့် ယာဉ်နောက်လိုက် လိူင်မင်းဦး တို့ကို ပေါင်းတည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။