ရန်ုကုန်မြို့၊ တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးဝင်း အတွင်း ဆောက်လက်စ ၅ ထပ် တိုးချဲ့ဆောင် တွင် ကြမ်းခင်းကွန်ကရစ်ငြမ်းပြိုကျမှုကြောင့် အလုပ်သမား တဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ်က ဆောက်လက်စ ၅ ထပ် တိုးချဲ့ဆောင်၏ ကြမ်းခင်း ကွန်ကရစ်လောင်းနေစဉ် ပြိုကျခဲ့ပြီး ၄ ထပ်မြောက် အထပ်တွင် အလုပ်လုပ်နေသည့် အသက် ၂၈ နှစ်အရွယ် အလုပ်သမား တဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ၂ ဦးအနက် ၁ ဦးကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားပြီး အခြား ၁ ဦး ကို နား၊ နှာခေါင်းနှင့် လည်ချောင်းဆေးရုံ တွင် ကုသပေးနေသည်ဟု သိရသည်။