ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ ယနေ့ နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA )မထိုးရသေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၂၁ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး ကိစ္စရပ်များ ကို ဆွေးနွေးမည်ဖြစ်ကြောင်း ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက ပြောသည်။
NCA ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစုအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပူးတွဲ ကျင်းပရေး ကော်မတီတရပ်ဖွဲ့ကာ ၎င်းတို့ကိုပါဝင်ခွင့်ပေးရန် အစိုးရထံ တင်ပြတောင်း ဆိုခြင်း ဖြစ်သည်။
UPDJC တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ပြီး အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် တာဝန်ယူထားသည်။

NCA မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့သည် လာမည့်သြဂုတ်လ ၃၁ ရက်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်နေပြီဖြစ်သော်လည်း အဆိုပါ မူဘောင်ကို UPDJC ကသာ ပြင်ဆင်အတည်ပြုခွင့် ရှိကြောင်း သိရသည်။