သတင်းတို

ထိုင်းစစ်ဘက်ရဟတ်ယာဉ် ပျောက်ဆုံးနေ

This article has been converted from Zawgyi One to Unicode

ထိုင်းစစ်တပ်မှ UH -72 အမျိုးအစား ရဟတ်ယာဉ်တစီး မြောက်ပိုင်းဒေသမှာ ပျောက်ဆုံးသွားကြောင်း၊ ရဟတ်ယာဉ်ပေါ်မှာ ဗိုလ်ချုပ်တဦးအပါအဝင် ၅ ဦးလိုက်ပါလာကြောင်း Reuters သတင်းကဆိုပါ တယ်။ အဆိုပါရဟတ်ယာဉ်ဟာ မနေ့ကမနက် ၁ဝနာရီ၃ဝမိနစ် ခန့်မှာ ရေဒါမှနေ ပျောက်ကွယ်သွား ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ်ပေါ်တွင် အမှတ် ၄ ခြေလျင်တပ်၏ အကြီးအကဲ ဗိုလ်ချုပ် Nopporn Ruanchan  ပါဝင်ကြောင်း သိရပါတယ်။ ဒီရဟတ်ယာဉ်ဟာ မြန်မာနယ်စပ်အနီးက ပိုင်ခရိုင်မှာ ရေကြီးမှုတွေအတွက် သွားရောက်အကူအညီ ပေးရေးလုပ်ကိုင်ပြီး ပိစနုလွတ်စခန်းကို အပြန်မှာ ပျောက်ဆုံးတာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအစိုးရ ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းထိုင်းကတော့ ရဟတ်ယာဉ်ဟာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Loading