ထိုင်းစစ်တပ်မှ UH -72 အမျိုးအစား ရဟတ်ယာဉ်တစီး မြောက်ပိုင်းဒေသမှာ ပျောက်ဆုံးသွားကြောင်း၊ ရဟတ်ယာဉ်ပေါ်မှာ ဗိုလ်ချုပ်တဦးအပါအဝင် ၅ ဦးလိုက်ပါလာကြောင်း Reuters သတင်းကဆိုပါ တယ်။ အဆိုပါရဟတ်ယာဉ်ဟာ မနေ့ကမနက် ၁ဝနာရီ၃ဝမိနစ် ခန့်မှာ ရေဒါမှနေ ပျောက်ကွယ်သွား ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ်ပေါ်တွင် အမှတ် ၄ ခြေလျင်တပ်၏ အကြီးအကဲ ဗိုလ်ချုပ် Nopporn Ruanchan ပါဝင်ကြောင်း သိရပါတယ်။ ဒီရဟတ်ယာဉ်ဟာ မြန်မာနယ်စပ်အနီးက ပိုင်ခရိုင်မှာ ရေကြီးမှုတွေအတွက် သွားရောက်အကူအညီ ပေးရေးလုပ်ကိုင်ပြီး ပိစနုလွတ်စခန်းကို အပြန်မှာ ပျောက်ဆုံးတာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအစိုးရ ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းထိုင်းကတော့ ရဟတ်ယာဉ်ဟာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆောက်ရောက် စစ်ရှောင်များ နေရေးနှင့် စားသောက်ရေး အခက်ကြုံ
တိုက်ပွဲများကြောင့် မဖြစ်မနေ တိမ်းရှောင်လာကြသူများအများစုမှာ မဲဆောက်ဘက်တွင် အသိမိတ်ဆွေ မရှိသလို မည်သည့်နေရာသို့ သွားရမည်ကို မသိသောကြောင့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ အောက်တွင် နေထိုင်နေရကြောင်း