ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံမှာ ပျောက်ဆုံးသွားခဲ့သည့် ရွှေနှင့် ရတနာအများအပြား တင်ဆောင်လာသည့်ဟု ယူဆရသော နာဇီရထားကြီးကို ရှာဖွေတူးဖော်မည့်အစီအစဉ်ကို မနေ့က စတင်လိုက်ပြီဖြစ်ပါတယ်။
ရွှေတန်ချိန် ၃ဝဝခန်နှင့် ရတနာများအပြင် တန်ဘိုးမဖြတ်နိုင်သည့် အနုပညာလက်ရာများကို တင် ဆောင်ထားတယ်ဆိုတဲ့ နာဇီ ရထားကြီးဟာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးဆုံးကာနီးမှာ ဆိုဗီယက်ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားရင်း ပိုလန်နိုင်ငံ အနောက်တောင်ဘက်က Wałbrzych ဒေသက ဥမှင် လှိုဏ်ခေါင်းတွေထဲမှာ လျှိုဝှက် ဆန်းကြယ်စွာ ပျောက်ဆုံးသွား ခြင်းဖြစ်ပါတယ်။
လက်ရှိမှာတော့ နေရာ ၃ နေရာမှာ စတင်တူးဖော်နေပြီဖြစ်ပြီး၊ ယခုအချိန်အထိ မည်သည့်အရာကိုမှ မတွေ့ရ သေးကြောင်း၊ ၁ဝရက်လောက် အချိန်ယူပြီး တူးဖော်ရမည်ဖြစ်ကြောင်း တူးဖော်ရေး အဖွဲ့ခေါင်းဆောင် Andrzej Gaik က ပြောပါတယ်။
ဒီဒေသမှာတော့ မြေအောက် မီးရထားဥမှင်လှိုဏ်ခေါင်းတွေဟာ အများအပြားရှိပြီး တူးဖော်ရေးအဖွဲ့ ခေါင်း ဆောင် ရဲ့ အဆိုအရ Wroclaw-Walbryzch မီးရထားသံလမ်း တဝိုက်မှာ ရှာဖွေလေ့လာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ ဂျာမန်တွေဟာ ဒီဒေသမှာ မြေအောက်ရထား လမ်းတွေ အများအပြားဖောက်လုပ်ကာ စစ်လက်နက်ပစ္စည်းများကို သိုလှောင်သယ်ယူပို့ဆောင်ခဲ့ပါ တယ်၊ အဲဒါကြောင့် မြေအောက်ရထားလမ်းတွေမှာ လေယာဉ်တွေကိုလည်း တွေ့ရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကတော့ လူ ၂ဦးဟာ Wroclaw-Walbryzch မီးရထားလမ်းနဲ့ ၆၅ကီလိုမီတာ ဝန်းကျင် မှာ အဆိုပါ နာဇီ ရွှေရထားကြီးကို ရှာဖွေခဲ့ပါသေးသလို၊ ပြီးခဲ့တဲ့နှစ်က XYZ ဆိုတဲ့ ပုဂ္ဂလိက ရတနာ ရှာဖွေရေး မုဆိုး အဖွဲ့တဖွဲ့ဟာလည်း ရှာဖွေခဲ့ပါသေးတယ်၊ ကျွမ်းကျင်သူတွေဟာ ဒီဧရိယာမှာ တိုင်းထွာတွက်ချက်ခဲ့ပြီး၊ အင်္ဂါနေ့ စောစောပိုင်းမှာ ဒီနေရာမှာ စက်ယန္တရားကြီးများနဲ့ တူးဖော်ဖို့ ပြုလုပ် နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုလန်အာဏာပိုင်တွေဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့ နာဇီရွှေ ရထားကြီးကို ရှာဖွေဖို့ မီးစိမ်းပြခဲ့ပါတယ်။