ဝေးလံခက်ခဲသော ဒေသများတွင် ပညာရေးဝန်ထမ်းအဖြစ် ဘွဲ့ရ/ဒေသခံ တက္ကသိုလ်ဝန်ထမ်း အောင်မြင်ပြီး လျှောက်ထားသူ မရှိပါက ဒေသခံ အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်သူ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၂၅ နှစ်အောက် ရှိသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံး အလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်အရ စာချုပ်ဖြင့် နေ့စား ယာယီ ဝန်ထမ်းအဖြစ် ခန့်ထားသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမျိုးသားလွှတ်တော်တွင် ပြောသည်။
ချင်းပြည်နယ်၊ အမှတ် ၈ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမာန်လောမောင်းက တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို အခြေခံပညာ ဦးစီးဌာနတွင် ဆရာ၊ ဆရာမများအဖြစ် ခေါ်ယူရန်အတွက် အစီအစဉ် ရှိ/မရှိ မေးမြန်းစဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝေးလံခက်ခဲသော ဒေသများတွင် ဘွဲ့ရ လျှောက်ထားသူ မရှိပါက ဒေသခံ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အသက် ၁၈ နှစ် ပြည့်ပြီးသူများ၊ ၂၅ နှစ် အောက်များအား စာချုပ်ဖြင့် နေ့စားယာယီ ခန့်ထားမည်ဖြစ်ကြောင်း၊ ဘွဲ့ရပြီးပါက အမြဲတန်း ဝန်ထမ်းအဖြစ် ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။