သတင်းတို
မြောက်ကိုရီးယား သံတမန် တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံ
BBC
အင်္ဂလန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံရုံးရဲ့ ဒုတိယအကြီးအကဲ Thae Yong Ho ဟာ ပျောက်ဆုံး သွားရာက တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိ လာပြီး ဘက်ပြောင်း ခိုလှုံသွားတယ်လို့ သိရပါတယ်။ အဆိုပါ သံတမန်နဲ့ သူ့မိသားစုကို တောင်ကိုရီးယား အစိုးရက စောင့်ရှောက်ထားတယ်လို့ သိရပါ တယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်ကို ဘက်ပြောင်းခိုလှုံတဲ့ အရာရှိတွေထဲမှာ သူဟာ ရာထူးအမြင့်ဆုံးသူတဦးဖြစ်ပါတယ်။
သူရဲ့ သံတမန် တာဝန်ကတော့ မြောက်ကိုရီးယားအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ် သက်ပြီး တာဝန်ယူဆောင်ရွက်ရသူလို့ သိရပါတယ်။