နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်အတွင်း၌ တရုတ်က ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံတံတားသစ်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီး ၂မြို့တွင် ဆေးရုံ ၂ရုံ ကို ဆောက်လုပ်ပေးရန် သဘောတူညီချက် လက်မှတ် ရေးထိုးလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက Reuters သတင်းကို ပြောဆိုလိုက်ပါတယ်။
တရုတ်- မြန်မာနယ်စပ်မှ မိုင် ၂၀ခန့် ကွာဝေးသည့် နေရာတွင်တည်ရှိသည့် ကွမ်းလုံတံတားအသစ် တည်ဆောက်ရေးမှာ နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအတွက် ရည်ရွယ် ကြောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မှာ တရုတ်ဝန်ကြီးချုပ် လီခချန်းနဲ့့ တွေ့ဆုံမှာဖြစ်ပြီး မနက်ဖြန် သောကြာနေ့မှာတော့ သမ္မတ ရှီကျင်ဖျင့်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။