အမေရိကန်က တူရကီနိုင်ငံ သိမ်းဆည်းထားသည့် နျူကလီး လက်နက်များကို ရိုမေးနီးယား နိုင်ငံ Deveselu လေတပ်စခန်းကို စတင်ပြောင်းရွေ့နေကြောင်း Euractivသတင်းမှာဖော်ပြထားပါတယ်။ ဒီလိုရွေ့ပြောင်းမှုဟာ နည်းပညာပိုင်းနဲ့ နိုင်ငံရေးအခြေအနေကို များစွာ ထိခိုက်စေကြောင်းလည်း ဖော်ပြထားပါတယ်။ဒါဟာ တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာ အမေရိကန်နဲ့ တူရကီအကြား ဆက်ဆံရေး ဆိုးရွားလာမှုကို ပြသတာဖြစ်ပါတယ်။
စစ်အေးကာလကတည်းက အမေရိကန်ဟာ နျူကလီးယား လက်နက် ၅၀ခန့်ကို တူရကီ Incirlik လေတပ်စခန်းမှာ သိုလှောင်ထားတာဖြစ်ပြီး၊ မအောင်မြင်တဲ့ တူရကီ အာဏာသိမ်းပွဲပြီးတဲ့နောက်မှာ တော့ Incirlik လေတပ်စခန်းကို တူရကီ ပိတ်လိုက်ကာ အမေရိကန်လေယာဉ် အဝင်အထွက်ကို တား မြစ်လိုက်သလို၊ စခန်းတာဝန်ခံ တူရကီ ဗိုလ်ချုပ်ကြီးကိုလည်း အာဏာသိမ်းမှုမှာ ပါ၀င်ပတ်သက် တယ်ဆိုကာ သမ္မတ အာဒိုဂန် အစိုးရက ထိန်းသိမ်းခဲ့ပါတယ်။