တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်း ဒိုင်ယန်မူဟာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို ချဉ်းကပ်လာတဲ့အတွက် ပြည်တွင်းလေကြောင်း ခရီးစဉ် ၂၀ ကို ဖျက်သိမ်းလိုက်ရ ကြောင်း ဗီယက်နမ် သတင်းများက ဆိုပါတယ်။
ဗီယက်နမ် လေကြောင်းလိုင်းနဲ့ ဗီယက်ဂျက် လေကြောင်းလိုင်းတို့ရဲ့ ဟိုချီမင်းမှ ဒါနန်း၊ ဟိုင်ဖုံ၊ နာထရန် စ သည့်မြို့များနှင် သန်ဟိုပြည်နယ်ကိုသွားသည့် ပြည်တွင်းခရီးစဉ် ၂၀ကို ဖျက်သိမ်းလိုက် ခြင်းဖြစ်ပါတယ်။
ဒိုင်ယန်မူ မုန်းတိုင်းဟာ ယခုနှစ်အတွင်း ဗီယက်နမ်ကို တတိယအကြိမ်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဖြစ်ပြီး၊
ဗီယက်နမ်မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မနေ့နေ့ခင်းမှာကတည်းက မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ မိုးကြီးနေပါတယ်။
ယနေ့ နံနက် ၁၀နာရီခန့်မှာ မုန်တိုင်းဟာ ကမ်းခြေဒေသဖြစ်တဲ့ ဟိုင်ဖုံနဲ့ နင်ဘင် ပြည်နယ်တွေကို တနာရီ မိုင် ၅၀ကျော်နှုန်းနဲ့ စတင်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ပေါ်ဒေသတွေဖြစ်တဲ့ လိုင်ချူး၊ ဒိုင်ဘင်း၊ ဆွန်လာ၊ လောင်ခိုင်၊ ယန်ဘိုင်၊ ဟာဂိုင်း၊ ကိုဘန်းနဲ့ တောင်ပေါ်ဒေသတွေ မှာ ရေကြီး ရေလျှံခြင်းတွေ မြေပြိုခြင်းတွေ ဖြစ်မယ်လို့ ဆိုပါတယ်။