ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အဓိကလမ်းမကြီး ၁၀လမ်းပေါ်မှာ ကားမောင်းရင်း၊ လမ်းလျှောက်ရင်း ပိုကီမွန် ဂိမ်းကစားသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီရန် ပြင်ဆင်နေကြောင်းBangkok Post သတင်းက ဆိုပါတယ်။ ဤသို့ပြုလုပ်ရခြင်းမှာ ပိုကီမွန်ဂိမ်းကြောင့်မတော်တဆဖြစ်မှုတွေကို လျော့ချဖို့ ဖြစ်တယ် လို့ သိရပါတယ်။
ရဲအရာရှိ ၅၀ပါ အဖွဲ့ဟာ အဆိုပါ လမ်းများပေါ်တွင် ကင်းလှည့်ပြီး ကျူးလွန်သူများကို ဖုံးကင်မရာများ ဖြင့် မှတ်တမ်းတင် အရေးယူမည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ Sanit Mahathavornက ဆိုပါတယ်။
ရည်ရွယ်ချက်ကတော့ လူစည်ကားရာ ဆူခွန်ဗစ်နဲ့ ဖရာထိုင်း လမ်းမကြီးတွေလို တခြားသောလမ်းမ တွေဖြစ်တဲ့ ရာမ (၁)၊ ရာမ (၂)၊ ဆထွန်၊ ပက်ချ်ဘူရီ၊ ဗီဟာဗဒီ ရမ်ဆစ်၊ Henri Dunant နဲ့ Phahon Yothinစတဲ့ လမ်းမကြီးတွေနဲ့ အနုဆဝါရီ(Victory Monument)လမ်းပေါ်မှာ ပိုကီမွန်ဂိမ်းကစားသူတွေကို မကစားနိုင်ရန် ကန့်သတ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
တားမြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေဟာ ပိုကီမွန်ဂိမ်း ကစားမှုနဲ့ ဆက်စပ်နေတာကို ရဲအရာရှိတွေ အနေနဲ့ တွေ့ရှိထားတာကြောင့် ပိုကီမွန်ဖမ်းသူများ မသွားနိုင်အောင် တားမြစ်ဇုန်အဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။