သတင်းတို

၂၁ ရာစု ပင်လုံညီလာခံ ဘန်ကီမွန်း တက်မည်

နေပြည်တော်တွင် ဩဂုတ်လကုန် ကျင်းပရန် ရှိသည့် “၂၁ ရာစု ပင်လုံ”ဟု လူသိများသည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု ညီလာခံသို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း တက်ရောက်မည်ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးအနေဖြင့် သမ္မတဟောင်းဦးသိန်းစိန်လက်ထက်မှ စ၍ မြန်မာ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို ထောက်ခံပံ့ပိုးရန် မစ္စတာ ဗီဂျေနမ်ဗီးယားအား အထူးကိုယ်စားလှယ် ခန့်ထားခဲ့သည်။ ညီလာခံ ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်အတူ မိန့်ခွန်းပြောကြားနိုင်မည်ဟု မျှော်လင့်ရသည်။

Loading