တရုတ်စစ်လေယာဉ်များ ဂျပန်ပိုင် ဆန်ကာကူကျွန်းများအနီး တိုးမြှင့်လှုပ်ရှားလာမှုကို ဟန့်တားရန် ရည်ရွယ်ပြီး ဂျပန်အစိုးရက အိုကီနာဝါကျွန်းစုတဝိုက်၌ အဆင့်မြှင့်ထားသည့် မြေပြင်မှ ဝေဟင်ပစ် Type 3(Chu SAM) ဒုံးပျံစနစ်ကို ချထားရန် စီစဉ်နေကြောင်း The Japan news သတင်းက ဆိုပါ တယ်။
အဆိုပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို ဆန်ကာကူကျွန်းစု အပါအဝင် ဝေးလံသည့် ကျွန်းစုအား လေကြောင်းရန်မှ ကာကွယ်ရေး အတွက် ချထားရန် စီစဉ်နေခြင်းဖြစ်ပြီး၊ လာမည့် ၂၀၂၁ ခုနှစ်ခန့်မှာ ဖြန့်ချဖို့ ရှိနေပါတယ်။
မစ်ဆူဘီရှီ ကုမ္ပဏီမှ ထုတ်လုပ်တဲ့ Type 3 ဒုံးပျံတွေဟာ ယာဉ်ပေါ်မှာတင်ပြီး ပစ်ခတ်ရတာဖြစ်သလို တိုက်လေယာဉ်များကိုသာမက ခရုစ်ဒုံးကျည်တွေကိုလည်း ကြားဖြတ်ပစ်ချနိုင်တယ်လို့ သိရပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ လာမည့် ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို ဂျပန်ယန်း ၁၇.၇ ဘီလျံသုံးဖို့ တောင်းဆိုထားခဲ့ပြီး၊ ဒုံးပျံစနစ်တခုအပါအဝင် ရေဒါနှင့် တခြားသော စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူဖို့ကိုလည်း ကနဦး ဘတ်ဂျက်ကတည်းက တောင်းခံထားခဲ့တာဖြစ် ပါတယ်။
အရှေ့တရုတ်ပင်လယ်မှာ တရုတ်စစ်လေယာဉ်တွေရဲ့ လှုပ်ရှားမှု တိုးလာတဲ့နောက်မှာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး လေတပ်အနေနဲ့ ပြင်ဆင်မှုတွေ တိုးမြှင့်လာသလို၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တရုတ် စစ်လေယာဉ်တွေဟာ ဆန်ကာကူကျွန်းနားကို ချဉ်းကပ်ခဲ့ပါသေးတယ်။