အီတလီနိုင်ငံ အလယ်ပိုင်း ပီရူဂျီယားမြို့အနီးမှာ ပြင်အား ၆.၂ မဂ္ဂနီကျုရှိ မြေငလျင်တခု ယနေ့နံနက်ပိုင်းက လှုပ်ခတ်သွား ရာ အနည်းဆုံး လူ ၆ဦး သေဆုံးပြီး၊ အဆောက်အအုံ အပျက်အစီးများကြားတွင် ပိတ်မိသူများရှိနေကြောင်း အီတလီ အာဏာပိုင်တွေက ဆိုပါ တယ်။
မြေငလျင်ကြောင့် မြို့တော် ရောမမှာရှိတဲ့ အဆောက်အအုံတချို့လည်း စက္ကန့် ၂၀ခန့်ကြာ အောင် လှုပ်ခတ်သွားပြီး၊ အက်ကူမိုလီမြို့တွင်လည်း မိသားစု ၄ဦးကိုလည်း အဆောက်အအုံ အပျက်အစီးများကြား တွင် တွေ့ရှိရပြီး၊ ပက်စကာရာ ဒယ် ထရွန် တို ကျေးရွာအနီးတွင် လူ ၂ဦးသေဆုံးတယ်လို့ အီတလီရဲတပ်ဖွဲ့က RAI သတင်းဌာန ကိုပြောပါတယ်။
“မြို့ရဲ့ ရပ်ကွက် ၃ခုက ပျက်စီးကုန်ပြီ၊ အခုကတော့ လူတွေအသက်ကို တက်နိုင်သလောက် ကယ်ဖို့ပါပဲ၊ အပျက်အစီး တွေကြားမှာ အသံတွေ ကြားနေရတယ်၊ ကျနော်တို့ အဲဒီကလူတွေကို ကယ်ရမယ်။”ဟု Amatrice မြို့တော်ဝန် Sergio Pirozzi က RAI ကိုဆိုပါတယ်။
ငလျင်ကြောင့် မြို့နယ်ဆေးရုံမှာလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး လူနာများကို လမ်းမများပေါ်သို့ ရွေ့ပြောင်းခဲ့ရကြောင်း၊ အဓိကအားဖြင့် အက်ကူမိုလီ၊ အမာထရစ်၊ ပို့စတာ၊ ပက်စကာရာ ဒယ် ထရွန်တို မြို့များမှာ ငလျင်ဒဏ်ဆိုးရွားစွာ ခံစားရ နိုင်ကြောင်းသိရပါတယ်။
၂၀၀၉ခုနှစ်ကလည်း Aquilaဒေသတွင် ၆ ဒဿမ ၃ မဂ္ဂနီကျု့ အင်အားရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀ကျော်သေဆုံးခဲ့ပါသေးတယ်။